ဆရာတော်ဘုရားကြီးများ၏ သြဝါဒ၊ဆောင်ပုဒ်လေးများ(၁)။

ပုံနှိပ် စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ .....။
ဓမ္မ္မဒူတ ဆရာတော် (မှော်ဘီ)


ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ
ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်
မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ် ..။
( သုဗောဓာ လင်္ကာရကျမ်း)

သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ .......
သူ့ကြောင့် ခံစားခဲ့ဖူးပြီ ...........
ဝမ်းသာရတာ ခံစားရတာ
ပင်ပန်းလှပါပြီ.။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ
ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဥာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့.။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ )


စွန်လွှတ်သူ ဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ။
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

ကြာလည်းမမေ့ ..................
ရှာလည်းမတွေ့.................
ငါလည်းတစ်နေ့................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သူ့နှလုံးသားရဲ့ စကားပြန်ကတော့
သူ့အမူအရာပါပဲ .။
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

မပြိုကွဲနိုင်တဲ့ အရာကို
ဆောင့်မတိုးလိုက်နဲ့
သူမကွဲရင် ကိုယ်ကွဲမယ်...............
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

သစ်ပင်တိုင်းမှာ
အလှတစ်မျိုးစီ
ရှိကြပါတယ်..........................
လူတိုင်းရဲ့
တစ်မျိုးစီ အလှကို
မြင်တတ်ရင်
ဘယ်လောက် သာယာလိုက်မလဲ လို့...။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

0 comments:

Post a Comment