သဲအင်းဂူဆရာတော်ဘုရား၏သြ၀ါဒ


သေခါနီးစိတ်ကလေးထားတတ်ဖို့အရေးကြီးတယ်။ နာတယ်သိတယ်အသိတွေဖြစ်ခွင့်မပေးနဲ့။

နာလိုက်တာကိုက်လိုက်တာဆို စိတ်သာချ အပါယ်လေးပါးပဲ။ရှိတာကခန္ဓာငါးပါး ရုပ်နှင့်နာမ်။
ရုပ်နာမ်ဖြစ်ပျုက်တာ မမြင်လို တငါငါ စွဲနေကြတာ ၊ငါစိတ်နဲ့သေရင်ငါသာခံကြပေတော့။ငါဆို
တဲ့ဒိဠိမပြုတ်လို့လေးဘက်ထောက်၊မိုးကျောခိုင်းပြီးအပါယ်လေးပါးဆင်းရတာ။ငါစွဲပြုတ်အောင်
ဝိပသာနာ အလုပ်လုပ်ကြ၊ မလုပ်ရင် စုံးစုံး မြုပ်ကြလိမ့်မယ်။ လာလမ်းမပြန်ချင်ကြပါနဲ့။ ရုပ်က
ဖောက်ပြန်တယ်။နာမ်ကခံစားတယ်။ရုပ်ရုပ်ချင်းတိုက်ခိုက်ပြီးမှနာမ်ကခံစားတာ၊နာမ်၏လက္ခာ
ဏာခံစားပြီး ပျက်တာကိုသိ၊အဲဒီပညာသိလေးရဖို့အရေးကြီးတယ်။သေရင်လည်းစိတ်ကလေး
အပြင်မထွက်ဘဲနဲ့ တရပ်စပ်ကြီးအသိလိုက်နေရမှာ။ လောဘ၊ ဒေါသ၊မောဟမကြောက်နဲ့ ၊အ
သိမလိုက်မှာကြောက်၊ ရှေ့ စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင်။ သောတာပန်၊သက
ဒါဂမ်၊ အနာဂမ်၊ ရဟန္တာဆိုတာစိတ်ပဲ။ စိတ်သိချင်ရင် အလုပ်လုပ်ကြ၊ သူများစိတ်ကျော်မစစ်
နဲ့။ ကိုယ်စိတ်ကိုယ်စစ်။ သူများအပြစ်မရှုနဲ့  ကိုယ်အပြစ်ကိုယ်ရှု။ အပြောသမားမဖြစ်စေနဲ့။အ
လုပ်သမားဖြစ်ပါစေ။



ဆားတောင်ဆရာတော်ကြီး၏သြ၀ါဒ

@လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
@ပြောတိုင်းမရ ဒေါမထနှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
@ကြံတိုင်မမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက
ဘယ်မှာ အနတ္တရှိမည်နည်း။
@ဆင်းရဲကြုံမူ မညီးညူနှင့် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
@ပျက်စီးတိုင်းလျှင် မပူပင်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။
@အာရုံဟူသမျှ မတောင့်တနှင့် အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘဆုံးမည်နည်း။
@အရာရာမျိုး စိတ်မဆိုးနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
@သိဥာဏ်မလိုက် သင်မမိုက်နှင့် သိဥာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။
@ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။

(ဆားတောင်ဆရာတော်ကြီး)

0 comments:

Post a Comment